Computer ဆိုတာဘာလဲ?

ကွန်ပျူတာ (Computer) ဆိုသည်မှာ ထည့်သွင်းထားသည့် ပရိုဂရမ် သို့မဟုတ် အစီအစဉ်တကျ ညွှန်ကြားချက်များအတိုင်း အချက်အလက်များ စီမံခန့်ခွဲပေးသည့် စက်ပစ္စည်းတစ်ခုဖြစ်သည်။ ကွန်ပျူတာများသည် ညွှန်ကြားချက်များပေါ် မူတည်၍ ဂဏန်းသင်္ချာ နှင့် ယုတ္တိဗေဒဆိုင်ရာ တွက်ချက်မှုများ အစီအစဉ်တကျ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါသည်။ -Wikipedia

ကွန်ပျူတာဆိုသည်မှာ Input (အသုံးပြုသူထံမှ ဒေတာများ) များကို လက်ခံရယူနိုင်သည့် အီလက်ထရွန်နစ် ပစ္စည်းတစ်ခုဖြစ်ပြီး ထိုဒေတာများကို အချိန်အတိုင်းအတာတစ်ခုအထိ သိမ်းဆည်းကာ ညွှန်ကြားချက်များ (ပရိုဂရမ်များ) နှင့်အညီ အသုံးပြုသူထံ လိုချင်သည့် ရလဒ်များကို ထုတ်ပေးနိုင်သည်။ -http://www.trivology.com

တစ်နည်းအားဖြင့်ဆိုသော် ကွန်ပျူတာသည် သတင်းအချက်အလက်များ စီမံခန့်ခွဲသည့် အီလက်ထရွန်နစ် ပစ္စည်းဖြစ်သည်။ ၎င်းသည် အချက်အလက်များ သိမ်းဆည်းခြင်း၊ ထုတ်ယူခြင်းနှင့် ပြုပြင်ခြင်းများ လုပ်ဆောင်နိုင်သည်။ စာရွက်စာတမ်းများပြုစုခြင်း၊ အီးမေးလ်ပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်း များအပြင် စာရင်းဇယားများ၊ စာရင်းအင်းများ၊ Database စီမံခန့်ခွဲမှု၊ ဖျော်ဖြေမှုများ၊ ဂိမ်းဆော့ခြင်းများကိုလည်း လုပ်ဆောင်နိုင်ပါသည်။

ကွန်ပျူတာသည် လူလုပ် ဒစ်ဂျစ်တယ် အီလက်ထရွန်နစ် စက်ပစ္စည်းတစ်ခုဖြစ်သောကြောင့် ၎င်းတွင် Monitor၊ Processor၊ Mouse နှင့် Keyboard စသည့် အစိတ်အပိုင်းများစွာပါရှိသော ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံ တစ်ခုရှိပါသည်။ ထိုအစိတ်အပိုင်းများကို Hardware ဟုခေါ်သည်။ ကွန်ပျူတာတွင် ထည့်သွင်းထားသည့် ပရိုဂရမ်များ (ညွှန်ကြားချက်အစုံများ) ကို Software ဟုခေါ်သည်။ ဤ Software များသည် Hardware အား လုပ်ဆောင်ရမည့်အရာနှင့် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ညွှန်ကြားပေးသည်။ Mozilla Firefox၊ Computer Game၊ Microsoft Word နှင့် Web Browser များသည် Software ၏ နမူနာအချို့ဖြစ်သည်။

Ads

Feedbacks