6 Tutorials
16 Articles
6 Categories
React မှာ component ရဲ့ lifecycle ကို အဓိကအားဖြင့် Mounting, Updating, Unmounting ဆိုပြီး အပိုင်း (၃) ခွဲခြားနိုင်ပါတယ်။ အပိုင်းတစ်ခုချင်းစီမှာ ကိုယ်ပိုင် lifecycle method (functional component မှာဆိုရင် Hook) ရှိကြပါတယ်။
OSI ရဲ့ အရှည်ကောက်ကတော့ Open System Interconnection ဖြစ်ပါတယ်။ ဒီ Model ကို အလွှာ ၇ လွှာနဲ့ ဖွဲ့စည်းထားပြီးတော့ အလွှာတစ်ခုချင်းစီမှာ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ကိုယ်စီရှိကြပါတယ်။ ဒီအလွှာတွေအားလုံးက အချက်အလက်များကို ကွန်ပျူတာတစ်လုံးမှ အခြားတစ်လုံးသို့ အချက်အလက်များ သယ်ယူပို့ဆောင်ရန်အတွက် အတူတကွ လုပ်ဆောင်ကြရပါတယ်။
HTTP (Hypertext Transfer Protocol) ဆို browser များ နှင့် server များအကြား ဆက်သွယ်ရန်အသုံးပြုတဲ့ network protocol တစ်ခုဖြစ်ပါတယ်။ Website တစ်ခုထဲဝင်တဲ့အခါ HTTP (သို့) HTTPS ကို သူ့ရဲ့ URL မှာ တွေ့နိုင်ပါတယ်။
အင်တာနက် (အပြန်အလှန်ချိတ်ဆက်ထားသောကွန်ယက်) ဆိုတာ ကမ္ဘာတစ်ဝှမ်းရှိ ကွန်ပျူတာ၊ ဖုန်း စသည့် စက်ပစ္စည်များ ချိတ်ဆက်ဖို့ရန် Internet Protocol Suite (TCP/IP) ကို အသုံးပြုတဲ့ ကွန်ပျူတာကွန်ယက်တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် တစ်ကမ္ဘာလုံးရှိစက်ပစ္စည်းများအားလုံးကို တစ်ပြိုင်နက်ချိတ်ဆက်ပေးတဲ့ Networks of Networks လို့လည်း ခေါ်လို့ရပါတယ်။
နည်းပညာကို စိတ်ဝင်စားတဲ့လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ယေဘုယျအားဖြင့် တွေးမိလေ့ရှိတဲ့မေးခွန်းကတော့ " Programming ဘာသာစကားကို ဘယ်လိုလေ့လာသင်ယူရမလဲ" ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။
React useContext hook က app တစ်ခုလုံးမှာ data တွေကို pass လုပ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။
Project ရဲ့ deadline အရမ်းနီးကပ်လာတဲ့အချိန်မှာ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုပြီး ဆုံးဖြတ်တတ်ဖို့အရမ်းအရေးကြီးပါတယ်။ တချို့ bug တွေက အခြား bug တွေထက် အရင်ဖြေရှင်းဖို့လိုနေတတ်ပါတယ်။
Application ကြီးလာတာနဲ့အမျှ Performance ပြဿနာက ပိုကြီးလာပါတယ်။ App ရဲ့ Performance ကောင်းဖို့အတွက် React ရဲ့ feature တွေကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့လိုပါတယ်။ အဲဒီ feature တွေထဲက React.useMemo ကို ရှင်းပြချင်ပါတယ်။
Hook တွေကို React version 16.8 မှာ ထည့်သွင်းထားတဲ့ feature အသစ် ဖြစ်ပါတယ်။ သူတို့က class ဆောက်ပေးစရာမလိုဘဲ state တွေနှင့် React ရဲ့ အခြားသော feature တွေကို သုံးလို့ရအောင် ကူညီပေးပါတယ်။ သူတို့ကို အဓိက functional component မှာ state နဲ့ side effect တွေကို ကိုင်တွယ်ဖို့ (handle) ရန်အတွက် အသုံးပြုပါတယ်။ React Hook တွေအားဖြင့် stateful fuction တွေကို functional component ထဲမှာ သုံးလို့ရပါတယ်။ Hook တွေကို class တွေထဲမှာ သုံးလို့မရပါဘူး။
useState ကို ခေါ်သုံးတဲ့အခါ state ရဲ့နာမည်ကို ကိုယ်ပေးထားတဲ့အတိုင်း “state variable” တစ်ခုကို တည်ဆောက်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ ဥပမာမှာ state နာမည်ကို “state” လို့ပေးထားပါတယ်။
Most Search: